Saturday, September 27, 2014
Thursday, July 31, 2014
ဆရာတော်ဦးဥတ္တမနေ့ (၇၅)နှစ်မြောက် စိန်ရတုအထူးထုတ် အသျှင် ဦးဥတ္တမ မော်ကွန်း စာအုပ်ထွက်မည်
အာရှနေ၀န်း
မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင်
ရခိုင်အာဇာနည် ၊
ရခိုင်ဂုဏ်ဆောင်
ရခိုင်ရဟန်းတော်
ဆရာတော် အသျှင်ဦးဥတ္တမနေ့ (၇၅) နှစ် စိန်ရတု အထူးထုတ် စာအုပ် မကြာမီ 2014 ခုနှစ် (၈) လပိုင်းအတွင်း ထွက်ပါတော့မည်၊ ရခိုင်ပြည်နယ် မြို့နယ်များမှ ဦးဥတ္တမနေ့ ကျင်းပလိုသော မြို့နယ်များ အ၀ယ်အမှာစာများ တင်ထားနိုင်ပါပြီ ။ ငွေအမြတ်ထက် အမျိုး အမြတ်ရဖို့ ထုတ်ဝေမည့် စာအုပ်ဖြစ်ပါသည်။ အသျှင်ဦးဥတ္တမ၏ အကြောင်းကို မည်သည့်စာအုပ်နှင့်မှ မတူအောင် အထူး စုံလင်ပြည့်စုံစွာ ပြုစုထားကြောင်း စာရေးဆရာ ခိုင်ကျော်နွယ် က အာမခံထားသည်။
မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင်
ရခိုင်အာဇာနည် ၊
ရခိုင်ဂုဏ်ဆောင်
ရခိုင်ရဟန်းတော်
ဆရာတော် အသျှင်ဦးဥတ္တမနေ့ (၇၅) နှစ် စိန်ရတု အထူးထုတ် စာအုပ် မကြာမီ 2014 ခုနှစ် (၈) လပိုင်းအတွင်း ထွက်ပါတော့မည်၊ ရခိုင်ပြည်နယ် မြို့နယ်များမှ ဦးဥတ္တမနေ့ ကျင်းပလိုသော မြို့နယ်များ အ၀ယ်အမှာစာများ တင်ထားနိုင်ပါပြီ ။ ငွေအမြတ်ထက် အမျိုး အမြတ်ရဖို့ ထုတ်ဝေမည့် စာအုပ်ဖြစ်ပါသည်။ အသျှင်ဦးဥတ္တမ၏ အကြောင်းကို မည်သည့်စာအုပ်နှင့်မှ မတူအောင် အထူး စုံလင်ပြည့်စုံစွာ ပြုစုထားကြောင်း စာရေးဆရာ ခိုင်ကျော်နွယ် က အာမခံထားသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
စာမြည်း
Thursday, February 6, 2014
ဘင်္ဂလားဒေ့ရှ်မှ ရခိုင်တိုင်းရင်းသားများ မောင်တောသို့ အုပ်စုလိုက် ၀င်ရောက်လာနေ
စနေလင်း၊ -(ဧရာဝတီ)
ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် နေထိုင်ခဲ့ကြသော ရခိုင်တိုင်းရင်းသားများ ရခိုင်ပြည်နယ် မောင်တောမြို့နယ်သို့ ယခုလဆန်း အတွင်း အုပ်စုလိုက် ၀င်ရောက် လာကြောင်း မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျင်စန်းက ပြောသည်။
ဘင်္ဂလားဒေ့ရှ်ရှိ ရွာ ၇ ရွာမှ ကလေးအများစု ပါဝင်သော ရခိုင် တိုင်းရင်းသား ၁၂၂ ဦးသည် ဖေဖော်ဝါရီ ၄ ရက်က မောင်တောမြို့နယ် အတွင်းသို့ ၀င်ရောက်လာသည့်အတွက် ၎င်းတို့ကို ယာယီတည်းခိုနေထိုင်ရန် စီစဉ်ပေးထားကြောင်း ၎င်းက ပြောပြသည်။
“အခုရောက်လာတဲ့သူတွေက ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေဖြစ်နေကြတဲ့ တိုင်းရင်းသားတွေပါ၊ သူတို့ကို ယာယီအနေနဲ့ ထမင်း စား ဖို့ ကျနော်တို့က စီစဉ်ပေးနေတယ်၊ နောက်ပိုင်းမှာတော့ သူတို့ကို အတည်တကျ နေထိုင်စားသောက်နိုင်အောင် ညှိနှိုင်းပြီး ဆက် လုပ် သွားရမှာပေါ့။ သူတို့ကိုယ်တိုင်ကလည်း အလှူတွေကနေ ကိုယ့်ခြေထောက်ပေါ် ကိုယ်တိုင်ရပ်တည် လာနိုင်အောင် ကြိုးစားဖို့လိုပါတယ်”ဟု ဦးကျင်စန်းက ဧရာဝတီသို့ ပြောသည်။
မိမိတို့လူစုတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ ရေမတ်ဖော်ရွာ၊ ကွမ်းချောင်းဝ ရွာများနှင့် နီးစပ်သော ရွာများမှ မြန်မာနိုင်ငံ နယ်စပ် မိုင်တိုင် ၇၀ ကျောက်တိုင်သို့ ၂ ရက်ခန့် လမ်းလျှောက်လာပြီး ချင်းပြည်နယ် ပလက်ဝအတွင်းသို့ ၀င်ရောက်လာခဲ့ကြောင်း၊ ပလက် ၀တွင် ၁ လကျော်နေခဲ့ရပြီး ရခိုင်ပြည်နယ် ကျောက်ဖြူမြို့သို့ ရောက်ရှိကာ ၁၅ ရက်ခန့်နေခဲ့ပြီးမှ မောင်တောသို့ ၀င်ခွင့်ရခဲ့ကြောင်း ရေမတ်ဖော်ရွာမှ ပြောင်းရွှေ့လာသူ ဦးနုမောင်က ဧရာဝတီ ကို ပြောပြသည်။
Sunday, February 2, 2014
ကျောက်တော်မြို့နယ်အသင်း(စစ်တွေ) ၏ သက်ကြီးပူဇော်ပွဲမြင်ကွင်း
အသက်အကြီးဆုံး အပူဇော်ခံ အဘောင်မ(အဖွား) "ဒေါ်တောသူမေ" (၉၉)နှစ်ပါ
ဒုတိယအသက်အကြီးဆုံး အဘောင်မ(အဖွား) "ဒေါ် အင်္ဂါမေ" (98) နှစ်ပါ။ ဒီလို ရှေးကျတဲ့ ရခိုင်သူမ နာမည်တွေ နောက်ဆယ်နှစ် ဆယ့်ငါးနှစ်လောက်ဆို ကြားဖူးတော့မည် မဟုတ်ပါ။
ဒုတိယအသက်အကြီးဆုံး အဘောင်မ(အဖွား) "ဒေါ် အင်္ဂါမေ" (98) နှစ်ပါ။ ဒီလို ရှေးကျတဲ့ ရခိုင်သူမ နာမည်တွေ နောက်ဆယ်နှစ် ဆယ့်ငါးနှစ်လောက်ဆို ကြားဖူးတော့မည် မဟုတ်ပါ။
ဓါတ်ပုံ Ko Thein Zan
ကျောက်တော်မြို့နယ်အသင်း(စစ်တွေ) ၏သက်ကြီးပူဇော်ပွဲ အခမ်းအနား
ကျောက်တော်မြို့နယ်အသင်း(စစ်တွေ) ၏သက်ကြီးပူဇော်ပွဲ အခမ်းအနား ကြည်နူးစရာမြင်ကွ င်းတစ်ခုပါ။
ကျောက်တော်အသင်း(ရန်ကုန်)လည်း အေပိုင် မင်္ဂလာဟိရေ ပွဲမျိုးလုပ် သင့်ရေလို့ ထင်မြင်မိပါကြောင်း
ဓါတ်ပုံ -ကိုသိန်းဇံ
ကျောက်တော်အသင်း(ရန်ကုန်)လည်း အေပိုင် မင်္ဂလာဟိရေ ပွဲမျိုးလုပ် သင့်ရေလို့ ထင်မြင်မိပါကြောင်း
ဓါတ်ပုံ -ကိုသိန်းဇံ
Tuesday, January 28, 2014
မောင်တောမြို့ ဒုချီးရားတန်းကျေးရွာမှ ဖမ်းဆီးရမိသော တရားခံတစ်ဦး၏ ထွက်ဆိုချက်
၂၀၁၄ ဇန် ၂၈
အဆိုပါအခင်းဖြစ်နေ့တွင် ကင်းလှည့်ရန် လာရောက်သော တကက အောင်ကျော်သိန်းနှင့်အဖွဲ့အား
ရွာရှိ ဘင်္ဂလီ (၅၀)ဦးမှ ၀ိုင်းဝန်းပြီး တုတ်ဓါးအုတ်ခဲများဖြင့် ပစ်ပေါက်
အကြမ်းဖက်ကြကြောင်း၊ ကင်းလှည့်အဖွဲ့ ပြန်လည် ဆုတ်ခွာစဉ်တွင် တကက
အောင်ကျော်သိန်းမှ လမ်းမှားသွားကြောင်း၊ ကျန်လူများက ရွာလမ်းကြား များနှင့်
နေအိမ်များကြားဖောက်ထွက်နိုင်ခဲ့ကြသော်လည်း တကက အောင်ကျော်သိန်းမှ ရွာမြောက်ဘက် လယ်ကွင်းတွင် ဆောင်းသီးနှံများစိုက်ပျိုး ထားသော
ဟင်းခင်းမှ ဖြတ်ပြေးကြောင်း၊ ဟင်းခင်းတွင် အကာဖြစ် ပိုက်ကွန်များအား
ဝါးများစိုက်ထူကာရံထားရာ ထိုပိုက်ကွန်တွင် ငြိမိပြီး အဖမ်းခံရကြောင်း၊ တကက
အောင်ကျော်သိန်းအား ဘင်္ဂလီများမှ ရွာလယ်သို့ ယူဆောင်လာပြီး တုတ်များဖြင့်
ဝိုင်းဝန်းရိုက်နက်ကြကြောင်း၊
ထို့နောက် တစ်ဦးမှ သတ်ဖြတ်ရာ ဤနေရာ ၌မသတ်ဖြတ်ဘဲ သချိုင်းတွင်သတ်
ဖြတ်မည်ဟု ပြောပြီး တကက အောင်ကျော်သိန်း၏ အ၀တ်အစားများအား ချွတ်ကာ
သချိုင်းသို့ ခွေး၊၀က်ဆွဲ သလို တရွတ်တိုက်ဆွဲခေါ်သွားခဲ့ကြောင်း၊ ထိုသို့ ခေါ်သွားချိန်တွင် တကက အောင်ကျော်သိန်းမှာ အသက်ရှိ သေးကြောင်း၊ ညဉ်းညူသံများကြရသေးကြောင်း၊ သူ မှ သချီိုင်းတွင် မည်သို့ သတ်ဖြတ်ခဲ့ကို လိုက်ပါမသွား မသိရှိပါကြောင်းနှင့်၊ သတ်ပြီး အလောင်းအား သချိုင်းတွင်းထားခဲ့ကြောင်၊ သတ်သူများပြန်လည်ရောက်ရှိချိန်တွင် ရွာသားများမှ အလောင်းအားသချိုင်းတွင် ထားရန် မသင့်တော်သဖြင့် တစ်ဖြန်ပြန်လည်ယူဆောင်လာပြီး
ရွာဘေးချောင်းစပ်သို့ ဆွဲယူသွားကြောင်း၊ အလောင်းအား မည်သို့ မည်ပုံ
အစဖျောက်သည်ကို သူမသိရှိကြောင်း၊ ရွာအတွင်း ၀ိုင်းဝန်းရိုက်နက်သည်ကို မှု
မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ ကြောင်း ထွက်ခဲ့သည်။
Western Gate Guard
အဆိုပါအခင်းဖြစ်နေ့တွင် ကင်းလှည့်ရန် လာရောက်သော တကက အောင်ကျော်သိန်းနှင့်အဖွဲ့အ
Western Gate Guard
Saturday, January 18, 2014
ကျောက်တော်တောင် ဂေါဗကအဖွဲ့ စင်ပြိုင်ဖွဲ့သည်ဆိုခြင်းအပေါ် စေတနာဖြင့် ဘလော့တည်ထောင်ထားသူ၏ သဘောထားရှင်းလင်းချက်
ကျောက်တော်တောင် ဂေါဗကအဖွဲ့
စင်ပြိုင်ဖွဲ့သည်ဆိုခြင်းအပေါ်
စေတနာဖြင့် ဘလော့တည်ထောင်ထားသူ၏ သဘောထားရှင်းလင်းချက်
သေလာဂီရိ
မောရပဗ္ပတ ကျောက်တော်တောင်ဖွံ့ဖြိုးရေး အင်တာနက်စာမျက်နှာ
တင်ရခြင်း ရွည်ရည်ချက်
၁။ ကျောက်တော်တောင် သည်
ရခိုင်ပြည်နှင့် ရခိုင်လူမျိုး တို့၏ ဗုဒ္ဓသာသနာစတင်ရာ မြေဖြစ်ကြောင်း ကို
အများသူငါ
သိရှိစေရန် သမိုင်း ရာဇ၀င် ဆောင်းပါးများ
ရေးသားဖေါ်ပြရန်။
၂။ ကျောက်တော်တောင်၏ အနာဂတ်
ဖွံ့ဖြိုးရေးလုပ်ငန်းစဉ် ဖေါ်ဆောင်မှုများကို အင်တာနက်ရှိသော ကမ္ဘာ၏
မည်သည့် နေရာသို့မဆို ရောက်ရှိနေသော ရခိုင်သူ/သားများ နှင့်ုဗုဒ္ဓဘာသာဝင်အပေါင်းတို့ သိရှိ ပါဝင်လာစေရန်။
၃။ ရခိုင်လူမျိုးတို့၏ ရိုးရာ ထုံးတမ်းစဉ်လာ
ယဉ်ကျေးမှုများကို အခြားတိုင်းရင်းသားများ နားလည်သိရှိ လာစေရန်။
၎။ ရခိုင်သမိုင်းများနှင့် အခြားသော
ဗဟုသုတစာအုပ်များကို တစ်နေရာတည်းတွင် လေ့လာသိရှိနိုင်စေရန်။
၅။ ရခိုင်နှင်ပက်သက်၍သော်၎င်း၊
ပြည်တွင်းပြည်ပနှင့် ပက်သက်သော သတင်း ဆောင်းပါး၊ ရုပ်သံဖိုင်၊ ဗွီဒီယိုများ၊သီချင်းများကို အချိန်နှင့် တစ်ပြေးညီ တင်ပြနိုင်ရန်၊ ဖတ်ရှုနိုင်ရန်။
၆။ ကျောက်တော်တောင်
ကျောက်တော်မြို့နှင့် ပက်သက်သော အကြောင်းအရာများကို၎င်း၊ရခိုင်ပြည်နှင့်
ရခိုင်လူမျိုးတို့၏ မှတ်တမ်းတင်အပ်သော အကြောင်းအရာများကို ဤဘလော့တွင် မှတ်တမ်းတင်
ထိမ်းသိမ်းသွားရန်။
၆။ ရခိုင်မျိုးဆက်သစ် လူငယ်များ
ကလောင်သွေးမည့်နေရာတစ်ခုဖြစ်လာစေရန်ဟူသော ကောင်းမြတ်သည့်
ရွည်ရည်ချက်များဖြင့် လွင့်တင်ထားခြင်းသာဖြစ်ပါသည်။
ကျွန်တော် ဦးမောင်ဖြူသည်
ကျောက်တော်တောင်ဖွံ့ဖြိုးရေး အင်တာနက် စာမျက်နှာ ဘလော့ကို အထက်ပါ ရွယ်ရည်ချက်များဖြင့်
စေတနာသန့်သန့် ထား၍ ကိုယ်တတ်ကျွမ်းသည့် နည်းပညာဖြင့် ကူညီပေး ရန် စီစဉ်ရခြင်း သာ ဖြစ်ပါသည်။ကျောက်တော်တောင်
ဂေါဗက အဖွဲ့ စင်ပြိုင်ထောင်ခြင်း အဖြစ် အမြင် မကျဉ်းစေလိုပါ။ ကမ္ဘာ၏ မည်သည့် အရပ်
ဒေသမှ မည်သည့်ပုဂ္ဂိုလ် မဆို ကျောက်တော်တောင် ဂေါဗက အဖွဲ့အား တိုက်ရိုက်ဆက်သွယ်နိုင်ရန်အတွက်
လက်ရှိ ဂေါဗကအဖွဲ့ဝင်တို့၏ ကိုယ်ရေးအကျဉ်း၊ ဓါတ်ပုံ၊ ဖုန်းနံပါတ်များကို
ဖေါ်ပြနိုင်ရန် ကျောက်တော်မြို့မှ စာရေး ဆရာ ဦးကျော်စိန်( ခိုင်ကျော်နွယ်) ၊
ကျောက်ေ တ်ာတောင် ဂေါဗက အဖွဲ့ဝင်(စာရင်းစစ်)ဦး မောင်ကျော်သိန်း ကျောက်တော် အား
တောင်းခံထား ခဲ့ေ ကြာင်းကိုလည်း သိစေလိုပါသည်။ သို့ဖြစ်၍ ဤအင်တာနက် စာမျက်နှာဘလော့ တွင်
ယခုအချိန်ထိ အလှူငွေ ကောက်ခံ ၊တောင်းခံသော သတင်းများ၊ ဆောင်းပါးများ တစ်ခုမျှ
တင်၍မရှိသေး ပါ။ ကျောက်တော်တော င်ဂေါဗက အဖွဲ့ဝင်တို့၏ ရှေးလုပ်ငန်းစဉ်များအတွက်
အင်တာနက် စာမျက်နှာများတွင် လိုအပ်ပါက ဖေါ်ပြအသုံးပြုရန်ရည်ရွယ်လျက်
ကြိုတင်စီစဉ်ထားခြင်းသာဖြစ်ပါသည်။
စတင်တည်ထောင်သည့် 4.1.2014 နေ့မှ
ယခုလက်ရှိအချိန်ထိရခိုင်ပြည်နှင့် ရခိုင်လူမျိုးတို့၏ အကြောင်းအရာများနှင့်
သတင်းဆောင်းပါးများကိုသာ တင်ပြထားခြင်းဖြစ်ပါသည်။ ဤဘလော့၏ ရှိရှိသမျှသော
စာမျက်နှာများကို လှန်ကြည့်
လျှင်လည်း ကျောက်တော်တောင်နှင့်ပက်သက်၍
အလှူကောက်ခံခြင်း ၊တောင်းခံခြင်း တစ်ခုမျှ တွေ့မည်မဟုတ်ပါ၊ ကျွန်တော်သည်
ကျောက်တော်တောင်ဖွံ့ဖြိုးရေးအတွက် စေတနာသန့်သန့်ဖြင့် အုတ်တစ်ချပ် သဲတစ်ပွင့်
အဖြစ် ပါဝင်လိုသာဖြစ်ပါကြောင်း ကျွန်တော်အပေါ်အမြင်မရှင်းသည်များရှိပါက
ကိုမောင်ဖြူ
အမှတ် 121 ၊ပထမထပ် ၊ 41 လမ်းအပေါ်၊
ဗိုလ်တထောင်မြို့နယ်၊ရန်ကုန်
ဖုန်း 0951 22182 ၊ 01 240324
သို့သော်၎င်း၊ Email;/ kophyu55@gmail.com သို့သော်၎င်း၊
တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ဤဘလော့၏ CBox တွင်မှာလည်း
ဝင်ရောက်ဆွေးနွေးနိုင်ပါသည်။
ဤဘလော့၏ Email;/ thaylageri@gmail.comသို့သော်၎င်း
ပေးပို့မေးမြန်းနိုင်ပါသည်။
Subscribe to:
Posts (Atom)